ကလေးများအတွက် Google Payments ကိုယ်ရေးအချက်အလက်လုံခြုံမှုလမ်းညွှန်

သင့်အသက်ကို ရွေးပါ- အသက် ၆-၈ နှစ် အသက် ၉-၁၂ နှစ်

အသက် ၆-၈ နှစ်

Google သည် သင်၏ Google Payments ကိစ္စများကို မည်သို့လုံခြုံအောင်ထားကြောင်း သိလိုပါသလား

ဤစာမျက်နှာသည် ကလေးများအတွက်ဖြစ်သည်။ Google သည် သင့်အချက်အလက်များကို Google Payments အတွက် မည်သို့အသုံးပြုပြီး မည်သို့လုံခြုံစွာထားရှိသည်ကဲ့သို့သော မေးခွန်းများကို ဖြေကြားပေးသည်။

မိဘများအတွက်- ဤအချက်အလက်သည် အသက် ၁၃ နှစ်အောက် (သို့မဟုတ် သင့်နိုင်ငံတွင် သတ်မှတ်ထားသော အသက်အရွယ်) ကလေးများအတွက် Family Link ဖြင့် စီမံထားသော Google Account များ နှင့်သာ သက်ဆိုင်သည်။ အသေးစိတ်အချက်အလက်များအတွက် ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက် နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ ကို ကြည့်ပါ။

Google က ဘယ်လိုအချက်အလက်တွေ လိုအပ်သလဲ

ထုတ်ကုန်အားလုံးအတွက် Google က စုဆောင်းသည့် အရာများအပြင် Google Payments ကောင်းစွာလုပ်ဆောင်နိုင်ရန် သင့်ထံမှ အခြေခံအချက်အလက်အချို့ကိုလည်း လိုအပ်သည်။

စာရင်းသွင်းရန် အချက်အလက်

တစ်ခါတစ်ရံတွင် အရာအားလုံး လုံခြုံမှုရှိမရှိ စစ်ဆေးရာ၌ အထောက်အကူဖြစ်စေရန် နောက်ထပ်အချက်အလက်အနည်းငယ်ကို တောင်းဆိုနိုင်သည်။

အခြားနေရာများမှ အချက်အလက်များ

Google က ကျွန်ုပ်၏အချက်အလက်ကို ဘာအတွက် အသုံးပြုသလဲ

ထုတ်ကုန်အားလုံးအတွက် Google က သင့်အချက်အလက်ကို အသုံးပြုသည့် နည်းလမ်းများအပြင် Google Payments အတွက် အောက်ပါတို့ကဲ့သို့ အရာများလုပ်ဆောင်ရန် သင် ပေးသော အချက်အလက်ကိုလည်း အသုံးပြုသည်-

Google က ကျွန်ုပ်၏အချက်အလက်ကို မျှဝေပါသလား

Google က သင့်အချက်အလက်ကို မျှဝေသည့် နည်းလမ်းများအပြင် Google Payments အလုပ်လုပ်စေရန် သင့်အချက်အလက်ကို အခြားသူများနှင့်လည်း မျှဝေနိုင်သည်။ ဥပမာ အချို့မှာ-

ကျွန်ုပ်၏မိဘများတွင် မည်သည့်ထိန်းချုပ်မှုများ ရှိပါသလဲ

သင့်မိဘများ လုပ်နိုင်သည့်အရာများမှာ-

Google က ကျွန်ုပ်၏အချက်အလက်များကို လုံခြုံအောင် ဘယ်လိုထိန်းသိမ်းပါသလဲ

Google သည် သင့်အချက်အလက်များ လုံခြုံစေရန် အထူးကြိုးပမ်းဆောင်ရွက်ပါသည်။ သင်သည် သင်၏စကားဝှက်နှင့် ပင်နံပါတ်များကို လျှို့ဝှက်ထားခြင်းဖြင့် ကူညီနိုင်သည်။

မှတ်ထားရမည့် အရေးကြီးအချက်များ-

အသက် ၉-၁၂ နှစ်

Google Payments အသုံးပြုသောအခါ သင်၏ကိုယ်ရေးအချက်အလက် လုံခြုံမှုအကြောင်း သိလိုပါသလား

သင် နေရာမှန်ကို ရောက်လာပါပြီ။ သင့်အချက်အလက်ကို ကျွန်ုပ်တို့အသုံးပြုပုံနှင့် ၎င်းကို လုံခြုံအောင်ကူညီပေးပုံကဲ့သို့ ကလေးများ အမေးများဆုံး မေးခွန်းများကို ဖတ်ပါ။

မိဘများသတိပြုပါ။ ဤအချက်အလက်သည် အသက် ၁၃ နှစ် (သို့မဟုတ် သင့်နိုင်ငံတွင် သတ်မှတ်ထားသော အသက်အရွယ်) အောက် ကလေးများအတွက် Family Link ဖြင့် စီမံထားသည့် Google Account များ နှင့်သာ သက်ဆိုင်သည်။ အသေးစိတ်အချက်အလက်များအတွက် ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက် နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ ကို ကြည့်ပါ။

Google က ဘယ်လိုအချက်အလက်တွေ လိုအပ်သလဲ

ထုတ်ကုန်အားလုံးအတွက် Google မှ စုဆောင်းသော အရာများအပြင် Google Payments ဝန်ဆောင်မှု ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် လိုအပ်သော အခြားအချက်အလက်များကိုလည်း တောင်းခံနိုင်ပါသည်။

စာရင်းသွင်းရန် အချက်အလက်

သင့် Google Account တွင် ကျွန်ုပ်တို့ သိမ်းဆည်းထားမည့် အချက်အလက်အချို့ကို ဤနေရာတွင် ဖော်ပြထားပါသည်။ ဒေတာအချို့ကို သင့်စက်တွင် သိမ်းဆည်းနိုင်သည်။

တစ်ခါတစ်ရံတွင် သင့်အချက်အလက် (သို့) အထောက်အထားကို ကူညီအတည်ပြုပေးရန်အတွက် နောက်ထပ်အချက်အလက်များပို့ရန် (သို့) မေးခွန်းများကို ဖြေဆိုရန်လည်း တောင်းဆိုနိုင်သည်။

အခြားနေရာများမှ အချက်အလက်များ

သင့်အကြောင်း အချက်အလက်များကို အောက်ပါတို့ကဲ့သို့ အခြားနေရာများမှ ကျွန်ုပ်တို့ ရယူနိုင်သည်-

Google Payments သုံး၍ တစ်စုံတစ်ခုဝယ်ယူသည့်အခါ ကျွန်ုပ်တို့သည် အောက်ပါကဲ့သို့သော ငွေလွှဲပြောင်းမှုနှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းနိုင်ပါသည်-

Google က ကျွန်ုပ်၏အချက်အလက်ကို ဘာအတွက် အသုံးပြုသလဲ

ထုတ်ကုန်အားလုံးအတွက် Google က သင့်အချက်အလက်ကို အသုံးပြုသည့် နည်းလမ်းများအပြင် အောက်ပါတို့ကဲ့သို့အရာများ လုပ်ဆောင်ရန် သင် ပေးသော အချက်အလက်ကို ကျွန်ုပ်တို့ အသုံးပြုသည်-

Google Payments ကို သုံးနေသရွေ့ သင် ပေးသောအချက်အလက်များကို ကျွန်ုပ်တို့သိမ်းဆည်းထားနိုင်ပြီး ဥပဒေကိုလိုက်နာရန် လိုအပ်ပါက ပို၍ပင် ရှည်ကြာစွာ သိမ်းဆည်းထားနိုင်ပါသည်။

Google သည် ကျွန်ုပ်၏အချက်အလက်များကို မျှဝေပါသလား

ထုတ်ကုန်အားလုံးအတွက် Google က သင့်အချက်အလက်ကို မျှဝေသည့် နည်းလမ်းများအပြင် အောက်ပါတို့ကဲ့သို့ အခြားအကြောင်းရင်းအနည်းငယ်ကြောင့်လည်း သင့်အချက်အလက်ကို Google ပြင်ပရှိ အခြားသူများနှင့် မျှဝေနိုင်သည်-

Google သည် အခြားကုမ္ပဏီအချို့ကို ပိုင်ဆိုင်သည် (သို့) ထိန်းချုပ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းအတွက် လိုအပ်ပါက သင့်အချက်အလက်ကို ၎င်းတို့နှင့် မျှဝေပါသည်။ ၎င်းတွင် သင်ဈေးဝယ်သည့်ဆိုင်များကဲ့သို့သော အခြားနေရာများမှ ကျွန်ုပ်တို့ရရှိနိုင်သည့် မည်သည့်အချက်အလက်မဆို ပါဝင်သည်။

ကျွန်ုပ်၏မိဘများတွင် မည်သည့်ထိန်းချုပ်မှုများ ရှိပါသလဲ

သင့်မိဘက လုပ်နိုင်သည့်အရာများမှာ

Google Pay က ကျွန်ုပ်၏အချက်အလက်များကို လုံခြုံအောင် ဘယ်လိုထိန်းသိမ်းပါသလဲ

Google က သင့်ကို လုံခြုံစေရန် များစွာ လုပ်ဆောင်ပေးသည်။ သို့သော် သင်သည် သင့်အကောင့်၏ စကားဝှက်၊ ပင်နံပါတ်နှင့် အခြားအရေးကြီးသော သတင်းအချက်အလက်များကို လျှို့ဝှက်ထားရန် အရေးကြီးသည်။

သတိပြုရန်-

သင်၏ Google Wallet အက်ပ်သည် လုံခြုံမှုမရှိတော့ဟု ယူဆပါက Google သို့ အသိပေးနိုင်ရန် မိဘထံ အကူအညီတောင်းပါ။

နောက်ဆုံးအပ်ဒိတ်လုပ်ချိန်- ၂၀၂၆ မတ်လ ၁၆၊

© 2026 Google – Google Google ဝန်ဆောင်မှုစည်းမျဉ်းများ ယခင် ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်