Google Payments ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်
နောက်ဆုံးပြင်ဆင်ရက်- ၂၀၂၆ မတ် ၁၆
Google ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သင်သုံးသည့်အခါ ကိုယ်ရေးအချက်အလက်များအား ကျွန်ုပ်တို့အသုံးပြုပုံကို Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ တွင် ဖော်ပြထားသည်။ သင်သည် ၁၈ နှစ်အောက်ဖြစ်ပါက ထပ်ဆောင်းရင်းမြစ်များကို Google ဆယ်ကျော်သက် ကိုယ်ရေးအချက်အလက်လုံခြုံမှုလမ်းညွှန် နှင့် ကလေးများအတွက် Google Payments ကိုယ်ရေးအချက်အလက်လုံခြုံမှုလမ်းညွှန် တွင် တွေ့နိုင်သည်။
Google Account ပိုင်ရှင်များသည် Google Payments ကို အသုံးပြုခွင့်ရှိပြီး သင်က အသုံးပြုလျှင် ‘Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ’ ကို လိုက်နာရမည်။ ထို့ပြင် ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်’ သည် Google Payments နှင့် တိုက်ရိုက်သက်ဆိုင်သော Google ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ ဆောင်ရွက်ချက်များကို ဖော်ပြသည်။
သင်၏ Google Payments အသုံးပြုမှုသည် Google Payments ဝန်ဆောင်မှုစည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ၎င်းစည်းမျဉ်းများသည် ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်’ တွင် ပါဝင်သော ဝန်ဆောင်မှုများကို အသေးစိတ်ဖော်ပြသည်။ ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်’ တွင် အဓိပ္ပာယ်ဖွင့်ဆိုမထားသော စာလုံးကြီးဖြင့်ဖော်ပြထားသည့် အသုံးအနှုန်းများအတွက် ‘Google Payments ဝန်ဆောင်မှုစည်းမျဉ်းများ’ တွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
‘Google Payments ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်’ သည် Google Payment Corp. (“GPC”) အပါအဝင် Google LLC (သို့) ၎င်းက အပြည့်အဝပိုင်ဆိုင်သော လုပ်ငန်းခွဲများ၏ ဝန်ဆောင်မှုများကိုပါ သက်ရောက်မှုရှိသည်။ ဝန်ဆောင်မှုပေးနေသော လုပ်ငန်းခွဲကို လေ့လာရန်အတွက် ရရှိနိုင်သည့် ‘Google Payments ဝန်ဆောင်မှုစည်းမျဉ်းများ’ တွင် ကြည့်ပါ။
- ဘရာဇီးတွင် နေထိုင်သော အသုံးပြုသူများအတွက် သင့်အချက်အလက်ဆိုင်ရာ တာဝန်ရှိသော ဒေတာထိန်းချုပ်သူမှာ Google LLC ဖြစ်ပြီး Google Brasil Pagamentos Ltda သည် ဘရာဇီးဥပဒေအရ လိုအပ်သောအတိုင်းအတာအထိ တာဝန်ရှိနိုင်သည်
- ‘ဥရောပ စီးပွားရေးနယ်မြေ’ (ယူကေ မပါ) တွင် နေထိုင်သော အသုံးပြုသူများအတွက် (Google ဈေးကွက်တွင် ရောင်းချနေသူများမှလွဲ၍) သင့်အချက်အလက်အတွက် တာဝန်ရှိသော ဒေတာထိန်းချုပ်သူမှာ ‘Google Ireland Limited’ ဖြစ်သည်
- သင်သည် ယူကေတွင်မဟုတ်ဘဲ ‘ဥရောပ စီးပွားရေးနယ်မြေ’ ၌ နေထိုင်သော အသုံးပြုသူဖြစ်ပြီး Google ဈေးကွက်တွင် ရောင်းချသူဖြစ်ပါက သင့်အချက်အလက်အတွက် တာဝန်ရှိသော ဒေတာထိန်းချုပ်သူမှာ ‘Google ငွေပေးချေမှု အိုင်ယာလန် လီမိတက်’ ဖြစ်သည်
- ယူကေတွင် နေထိုင်သော အသုံးပြုသူများအတွက် (Google ဈေးကွက်တွင် ရောင်းချနေသူများမှလွဲ၍) သင့်အချက်အလက်အတွက် တာဝန်ရှိသော ဒေတာထိန်းချုပ်သူမှာ Google LLC ဖြစ်သည်
- ယူကေ (သို့) အစ္စရေးတွင် နေထိုင်သော အသုံးပြုသူဖြစ်ပြီး Google ဈေးကွက်တွင် ရောင်းချသူဖြစ်ပါက သင့်အချက်အလက်အတွက် တာဝန်ရှိသော ဒေတာထိန်းချုပ်သူမှာ ‘Google ငွေပေးချေမှု လီမိတက်’ ဖြစ်သည်
- ‘Google Payments ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်’ သည် ‘Google အိန္ဒိယ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပုဂ္ဂလိက လီမိတက်’ က အိန္ဒိယတွင် နေထိုင်သော အသုံးပြုသူများအား ပံ့ပိုးသည့် Google Pay ဝန်ဆောင်မှုအပေါ် သက်ရောက်မှုမရှိပါ
ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်
ကျွန်ုပ်တို့သည် Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ တွင် ဖော်ပြထားသော အချက်အလက်များအပြင် အောက်ပါတို့ကိုလည်း စုဆောင်းနိုင်သည်-
မှတ်ပုံတင် အချက်အလက်
Google Payments အတွက် အကောင့်ဖွင့်သောအခါ သင်သည် Google Account နှင့်ဆက်စပ်သော Google ငွေပေးချေမှုပရိုဖိုင်ကို ပြုလုပ်ခြင်းဖြစ်သည်။ သင် အသုံးပြုသော Google Payments ဝန်ဆောင်မှုများပေါ် မူတည်၍ ‘Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ’ တွင် ဖော်ပြထားသော အချက်အလက်များအပြင် အောက်ပါအချက်အလက်များကိုလည်း သင့်ထံမှ တောင်းခံနိုင်သည်-
- ခရက်ဒစ် (သို့) ဒက်ဘစ်ကတ်နံပါတ်နှင့် ကတ်သက်တမ်းကုန်ရက်
- ဘဏ်အကောင့်နံပါတ်နှင့် သက်တမ်းကုန်ရက်
- လိပ်စာ
- ဖုန်းနံပါတ်
- မွေးနေ့
- အမျိုးသား အာမခံနံပါတ် (သို့) အခွန်ထမ်းနံပါတ် (သို့မဟုတ် အခြား အစိုးရထုတ်ပေးသော ID နံပါတ်များ)
- ရောင်းသူ သို့မဟုတ် လုပ်ငန်းများအတွက် သင်၏ လုပ်ငန်းအမျိုးအစားနှင့် အချို့သော ရောင်းချမှုဆိုင်ရာ အချက်အလက် (သို့) ငွေလွှဲပြောင်းမှုပမာဏ
အချို့အခြေအနေများတွင် သင့်အချက်အလက် (သို့) အထောက်အထားကို ကူညီအတည်ပြုပေးရန်အတွက် နောက်ထပ်အချက်အလက်များ ပို့ရန် သို့မဟုတ် နောက်ထပ်မေးခွန်းများကို ဖြေဆိုရန်လည်း တောင်းဆိုနိုင်သည်။ နောက်ဆုံးအနေဖြင့် သင်သည် ဖုန်းကုမ္ပဏီ (သို့) အော်ပရေတာ ငွေတောင်းခံအကောင့်ကို မှတ်ပုံတင်ပါက သင်၏ ဖုန်းကုမ္ပဏီ (သို့) အော်ပရေတာအကောင့်၏ အချက်အလက်အချို့ကို ပေးရပါမည်။
သင့်မှတ်ပုံတင် အချက်အလက်များကို သင်၏ Google Account နှင့်တွဲလျက်သိမ်းထားပြီး Google ၏ ဆာဗာများတွင် သိမ်းပါမည်။ အချို့သော ဒေတာအမျိုးအစားများကို သင်၏ မိုဘိုင်းစက်ကိရိယာတွင်လည်း သိမ်းနိုင်သည်။
ပြင်ပကုမ္ပဏီများမှ ရရှိသော အချက်အလက်များ
ကြားခံ အတည်ပြုပေးသည့် ဝန်ဆောင်မှုများအပါအဝင် ပြင်ပကုမ္ပဏီများမှ သင်၏အချက်အလက်များကို ရယူနိုင်သည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-
- ရောင်းသူ၏ တည်နေရာများ၌ ပြုလုပ်သော Google Payments ငွေလွှဲပြောင်းမှုများမှ ပေါ်ပေါက်လာသည့် အချက်အလက်များ
- Google Payments သို့ လင့်ခ်ချိတ်ထားသော ပြင်ပကုမ္ပဏီများက ထုတ်ပေးသည့် သင့်အကောင့်များ၊ ငွေပေးချေနည်းလမ်းများ အသုံးပြုမှုဆိုင်ရာ အချက်အလက်များ
- သင်၏ ကတ်ထုတ်ပေးသူ (သို့) ငွေကြေးအဖွဲ့အစည်း၏ အထောက်အထား
- သင့်ငွေပေးချေနည်းလမ်းဆိုင်ရာ ဝန်ဆောင်မှုနှင့် အကျိုးခံစားခွင့် အချက်အလက်များ
- သင့် Google ငွေပေးချေမှုပရိုဖိုင်ရှိ လက်ကျန်ငွေများကို ဝင်ကြည့်ခွင့်ဆိုင်ရာ အချက်အလက်များ
- ဖုန်းကုမ္ပဏီ၊ အော်ပရေတာ ငွေတောင်းခံခြင်းနှင့် ဆက်စပ်သော ဖုန်းကုမ္ပဏီ (သို့) အော်ပရေတာထံမှ အချက်အလက်များ
- အသုံးပြုသူ အစီရင်ခံစာများ (‘ယူအက်စ်၏ မျှတသော ခရက်ဒစ် အစီရင်ခံခြင်းဆိုင်ရာ အက်ဥပဒေ’ တွင် ‘အသုံးပြုသူ အစီရင်ခံစာများ’ အဖြစ် ဖွင့်ဆိုထားသည့် အဓိပ္ပာယ်အတိုင်း)
- ပြင်ပကုမ္ပဏီများ (ရောင်းသူနှင့် ငွေချေဝန်ဆောင်မှုပေးသူများကဲ့သို့) နှင့် သင်၏ငွေလွှဲပြောင်းမှုများဆိုင်ရာ အချက်အလက်များကို လိမ်ညာခြင်းအန္တရာယ် ပုံစံပြုလုပ်ခြင်းအတွက်အပြင် လိမ်ညာခြင်းအန္တရာယ်ရမှတ်နှင့် အခြားသော လိမ်ညာခြင်းကာကွယ်ရေး ဝန်ဆောင်မှုများကို ပြင်ပကုမ္ပဏီများအား ပေးရန် အသုံးပြုပါမည်
ထို့ပြင် သင်သည် ရောင်းချသူဖြစ်ပါလျှင် သင်နှင့် သင့်လုပ်ငန်းအကြောင်း အချက်အလက်များကို ခရက်ဒစ်ဗျူရို သို့မဟုတ် လုပ်ငန်းဆိုင်ရာ အချက်အလက်ဝန်ဆောင်မှုမှ ကျွန်ုပ်တို့ ရယူနိုင်ပါသည်။
ငွေလွှဲပြောင်းမှု အချက်အလက်
ငွေလွှဲပြောင်းရာတွင် Google Payments သုံးသောအခါ အောက်ပါတို့အပါအဝင် ငွေလွှဲပြောင်းမှုဆိုင်ရာ အချက်အလက်များကို စုဆောင်းနိုင်သည်-
- ရက်စွဲ၊ အချိန်နှင့် ငွေလွှဲပြောင်းမှု ပမာဏ
- ရောင်းသူ၏ တည်နေရာနှင့် အကြောင်းအရာ
- ဝယ်ယူထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ရောင်းချသူ၏ ဖော်ပြချက်
- ငွေလွှဲပြောင်းမှုနှင့် ဆက်စပ်သော သင်ရွေးချယ်သည့် ဓာတ်ပုံ
- ရောင်းသူနှင့် ဝယ်သူ (သို့မဟုတ် ပို့သူနှင့် လက်ခံသူ) ၏ အမည်နှင့် အီးမေးလ်လိပ်စာများ
- အသုံးပြုထားသည့် ငွေပေးချေနည်းလမ်း အမျိုးအစား
- သင်ဖော်ပြသော ငွေလွှဲပြောင်းမှုအတွက် အကြောင်းရင်းနှင့် အကယ်၍ရှိပါက ငွေလွှဲပြောင်းမှုနှင့် ဆက်စပ်သော ကမ်းလှမ်းချက်
စုဆောင်းထားသော အချက်အလက်များကို ကျွန်ုပ်တို့က အသုံးပြုပုံ
Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ တွင် ဖော်ပြထားသော အသုံးပြုပုံများအပြင် ကျွန်ုပ်တို့၊ Google Payment Corp. (GPC) (သို့) အခြားကျွန်ုပ်တို့၏ လုပ်ငန်းခွဲများထံသို့ သင် ပေးသော အချက်အလက်များအပြင် ပြင်ပကုမ္ပဏီများမှ သင့်အကြောင်း အချက်အလက်များကိုပါ အောက်ပါတို့ ပြုလုပ်ရန် အသုံးပြုသည်-
- ဝန်ဆောင်မှုဌာနဆိုင်ရာ ရည်ရွယ်ချက်များအတွက် Google Payments ဖြင့် သင့်အား ပံ့ပိုးရန်
- လိမ်လည်မှု၊ အယောင်ဆောင် ဖြားယောင်းခြင်း (သို့) အခြားပြစ်မှုကျူးလွန်ခြင်းတို့မှ ကူညီကာကွယ်ရန်အပါအဝင် Google၊ ကျွန်ုပ်တို့၏ အသုံးပြုသူများ (သို့) အများပြည်သူ၏ မူပိုင်ခွင့်များ၊ ပိုင်ဆိုင်မှု သို့မဟုတ် ဘေးကင်းလုံခြုံမှုအား အန္တရာယ်ပေးခြင်းမှ ကာကွယ်ရန်
- ပြင်ပအဖွဲ့အစည်းများသို့ သင်က တောင်းဆိုသော ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများနှင့်ဆိုင်သော အပိုင်းများတွင် ကူညီရန်
- ဝန်ဆောင်မှုစည်းမျဉ်းများနှင့် ဆက်လက်ကိုက်ညီမှုရှိမရှိ ဆုံးဖြတ်ရန်အတွက် သင်၏ Google ငွေပေးချေမှုပရိုဖိုင်ကို စစ်ဆေးရန်
- နောင်လာမည့် သင်၏ Google Payments ငွေလွှဲပြောင်းမှုများနှင့်ပတ်သက်၍ ဆုံးဖြတ်ရန်
- သင်၏ ယခင်နှင့် လက်ရှိအချက်အလက်များဖြင့် လိမ်ညာခြင်း အန္တရာယ်ပုံစံများကို ဖန်တီး၊ လေ့ကျင့်ပြီး ၎င်းတို့၏ လိမ်ညာခြင်း (သို့) အလွဲသုံးစားမှု ကာကွယ်ရေး ရည်ရွယ်ချက်များအတွက်သာ ပြင်ပကုမ္ပဏီများနှင့် မျှဝေထားသော လိမ်ညာခြင်း အန္တရာယ်ရမှတ်နှင့် အကဲဖြတ်မှုများကို ထုတ်ရန်
- ငွေပေးချေနည်းလမ်း၏ ဝန်ဆောင်မှုနှင့် အကျိုးခံစားခွင့်များအကြောင်း အချက်အလက်များကို သင့်အား ပေးရန်
- သင်က လွှဲလိုက်သည့် Google Payments ငွေလွှဲပြောင်းမှုများနှင့် သက်ဆိုင်သော အခြားတရားဝင် လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်
- ကြော်ငြာ စွမ်းဆောင်ရည်အပါအဝင် Google Payments နှင့် Google ဝန်ဆောင်မှုများအား အသုံးပြုပုံကို နားလည်ရန်အတွက် စိတ်ဖြာလေ့လာမှု တိုင်းတာမှုများ ပြုလုပ်ရန် (နိုင်ငံအချို့တွင်)
- သင့်ဆက်တင်များအလိုက် မြင်ရသော ကြော်ငြာများကို ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ရန် အပါအဝင် Google Payments နှင့် အခြား Google ဝန်ဆောင်မှုများက ပံ့ပိုးသော အသုံးပြုမှုများကို ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ရန် (နိုင်ငံအချို့တွင်)
သင်က Google Payments အသုံးပြုနေသည့် ကာလ၊ ကျွန်ုပ်တို့၏ ဥပဒေနှင့် စည်းမျဉ်းများနှင့် ကိုက်ညီရန် လိုအပ်ပါက ထပ်ဆောင်းကာလအတွင်းတွင် သင် ပေးထားသော အချက်အလက်များကို ကျွန်ုပ်တို့က ထိန်းသိမ်းထားနိုင်ပါသည်။
ကျွန်ုပ်တို့ မျှဝေသော အချက်အလက်
ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များကို အောက်ပါအခြေအနေများ၌သာလျှင် Google ပြင်ပရှိ အခြားကုမ္ပဏီများ သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် မျှဝေပါမည်-
- Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ အရ ခွင့်ပြုထားသည့်အတိုင်း မျှဝေရန်
- ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်း မျှဝေရန်
- လုံခြုံရေး မြှင့်တင်မှုများ ပံ့ပိုးရန်၊ သင့်အကောင့်ကို လိမ်လည်မှုမှ ကာကွယ်ရန်နှင့် အခြားနေ့စဉ် လုပ်ငန်းရည်ရွယ်ချက်များအတွက် အပါအဝင် သင်၏ ငွေလွှဲပြောင်းမှုကို လိုအပ်သလို စီစဉ်ဆောင်ရွက်ရန်နှင့် အကောင့်ကို ထိန်းသိမ်းရန်
- ပြင်ပကုမ္ပဏီကပေးသော ဝန်ဆောင်မှုအတွက် သင် တောင်းဆိုထားသော မှတ်ပုံတင်ခြင်းကို အပြီးသတ်ရန်
- Google Pay ရနိုင်သောနေရာ၌ သင်ဝင်ကြည့်သော ကြားခံရောင်းသူ၏ ဝဘ်ဆိုက် (သို့) အက်ပ်မှတစ်ဆင့် ငွေပေးချေမှု ပြုလုပ်နိုင်သည့် Google ငွေပေးချေမှုပရိုဖိုင် သင့်တွင် ရှိမရှိကို ထိုရောင်းသူအား အသိပေးရန်။ ၎င်းတွင် ကတ်ကွန်ရက်၊ သင့်ကတ်နံပါတ်၏ နောက်ဆုံးဂဏန်း ၄ လုံးကဲ့သို့ သင့်ငွေပေးချေနည်းလမ်းနှင့် ပတ်သက်သော အကန့်အသတ်ရှိသည့် အသေးစိတ်အချက်များ ပါဝင်နိုင်သည်။ ဤဆက်တင်ကို ပိတ်ရန် ရွေးနိုင်သည်
- ပြင်ပကုမ္ပဏီများနှင့် ငွေလွှဲပြောင်းမှုများကို လိမ်လည်မှုနှင့် အလွဲသုံးစားပြုမှုမှ ကာကွယ်ရန်အတွက် Google ၏ အန္တရာယ်ရမှတ်များ၊ လိမ်လည်မှု တားဆီးရေးဝန်ဆောင်မှုများကို အသုံးပြုသော ပြင်ပကုမ္ပဏီများထံ လိမ်လည်မှု အန္တရာယ်ရမှတ်နှင့် အခြား လိမ်လည်မှုဆိုင်ရာ အကဲဖြတ်မှုများ မျှဝေရန်
- သင့်ငွေပေးချေနည်းလမ်းသည် လုံခြုံ၊ မှန်ကန်ပြီး ၎င်း၏ ဝန်ဆောင်မှုနှင့် အကျိုးခံစားခွင့်များဆိုင်ရာ အချက်အလက်များကို ပံ့ပိုးထားကြောင်း သေချာစေရန် ငွေလွှဲပြောင်းမှု အချက်အလက်များကို သင်၏ ငွေပေးချေနည်းလမ်း ထုတ်ပေးသူနှင့် ငွေပေးချေမှု ကွန်ရက်၊ စီမံဆောင်ရွက်ရေးအဖွဲ့နှင့် ၎င်းတို့၏တွဲဖက်များအား မျှဝေနိုင်သည်
အချက်အလက်မျှဝေနိုင်သည့် အခြေအနေ ဥပမာများ-
- သင်က Google Payments အသုံးပြု၍ ဈေးဝယ် (သို့) ငွေလွှဲပြောင်းသောအခါ၊ သင့်အကြောင်း ပုဂ္ဂိုလ်ရေး အချက်အလက်အချို့ကို သင်ဝယ်ယူသော သို့မဟုတ် ငွေလွှဲပြောင်းသော ကုမ္ပဏီ သို့မဟုတ် လူပုဂ္ဂိုလ်သို့ အသိပေးသည်။ ၎င်းတွင် သင် Google Play မှ Google Payments အသုံးပြု၍ ဝယ်ယူသောအခါ သင်ဝယ်ယူသည့် ဆော့ဖ်ဝဲရေးသူထံသို့ သင်၏ကိုယ်ရေးအချက်အလက်များ မျှဝေခြင်းတို့ ပါဝင်သည်
- Google Pay ဖြင့် ဝဘ်ဆိုက် (သို့) အက်ပ်မှတစ်ဆင့် ဝယ်ယူမှု ပြုလုပ်သည့်အခါ စာတိုက်သင်္ကေတ၊ စာပို့သင်္ကေတနှင့် ငွေပေးချေနည်းလမ်းအကြောင်း အချက်အလက်များကို မျှဝေနိုင်သဖြင့် ရောင်းသူသည် သင့်မှာကုန်၏ ကျသင့်ငွေဆိုင်ရာ အခွန်၊ ပို့ဆောင်ခနှင့် အခြားအသေးစိတ်အချက်များ (ပို့ဆောင်ခနှင့် အခြားဈေးနှုန်း အချက်အလက်ကဲ့သို့) ကို တွက်ချက်နိုင်ပြီး သင်၏ ငွေပေးချေမှုအမျိုးအစားကို ရောင်းသူက လက်ခံနိုင်ခြင်းရှိမရှိနှင့် သင့်ဝယ်ယူမှု၏ သတ်မှတ်ငွေပေးချေမှုအမျိုးအစားအတွက် အကျိုးခံစားခွင့်များ (သို့) ကန့်သတ်ချက်များကို သိရှိနိုင်သည်
- ပြင်ပ ငွေပေးချေနည်းလမ်းကို သင်၏ Google ငွေပေးချေမှုပရိုဖိုင်သို့ ထည့်သောအခါ အချို့သော ကိုယ်ရေးအချက်အလက်များကို ပြင်ပ ငွေပေးချေမှု စီစဉ်သူနှင့် ဖလှယ်နိုင်သည်။ ကျွန်ုပ်တို့ နှစ်ဦးစလုံးက သင့်အား ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ဖြစ်သည်။ အချက်အလက်များတွင် သင့်အမည်၊ ပရိုဖိုင်ပုံ၊ အီးမေးလ်၊ အင်တာနက် ပရိုတိုကော (IP) လိပ်စာ၊ ငွေတောင်းခံလွှာပို့သော လိပ်စာ၊ ဖုန်းနံပါတ်၊ စက် အချက်အလက်၊ တည်နေရာနှင့် Google Account လုပ်ဆောင်ချက် အချက်အလက်များ ပါဝင်နိုင်သည်
- Google Pay ရနိုင်သောနေရာ၌ ပါဝင်ထားသည့် ရောင်းသူ၏ဝဘ်ဆိုက် (သို့) အက်ပ်သို့ သင်ဝင်ကြည့်သည့်အခါ အသုံးပြုမှု ပိုမိုအဆင်ပြေပြီး သက်ဆိုင်သော ငွေပေးချေနည်းလမ်းများကို သင့်အား ပေးနိုင်ရန် ရောင်းသူသည် သင့်တွင် သတ်မှတ်ချက်ပြည့်မီသော ငွေပေးချေနည်းလမ်းပါသည့် Google ငွေပေးချေမှုပရိုဖိုင် ရှိမရှိ စိစစ်နိုင်သည်။ ဤလုပ်ငန်းစဉ်တွင် Google သည် သင်ရွေးချယ်သော ငွေပေးချေနည်းလမ်းကို လွယ်ကူစွာ ခွဲခြားသိရှိနိုင်ရန်အတွက် သင်၏ ကတ်ကွန်ရက်၊ ကတ်နံပါတ်၏ နောက်ဆုံးဂဏန်း ၄ လုံးကဲ့သို့ သင့်ငွေပေးချေနည်းလမ်းနှင့် ပတ်သက်သော အကန့်အသတ်ရှိသည့် အသေးစိတ်အချက်များကို မျှဝေနိုင်သည်
- ပြင်ပကုမ္ပဏီ (ရောင်းသူနှင့် ငွေချေဝန်ဆောင်မှုပေးသူများကဲ့သို့) နှင့် ငွေလွှဲပြောင်းသည့်အခါ လိမ်လည်မှု (သို့) အလွဲသုံးစားမှု ကာကွယ်ရေးဆိုင်ရာ ၎င်းတို့၏ရည်ရွယ်ချက်များအတွက်သာ သင့်ငွေပေးချေ လွှဲပြောင်းမှုနှင့်ဆက်စပ်သော လိမ်လည်မှု အန္တရာယ်ရမှတ်နှင့် အခြားလိမ်လည်မှုဆိုင်ရာ အကဲဖြတ်မှုများကို ဤပြင်ပကုမ္ပဏီများထံ ပို့နိုင်သည်
ပြင်ပကုမ္ပဏီများမှ ရရှိသော အချက်အလက်များအပါအဝင် ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်များကို ကျွန်ုပ်၏တွဲဖက်များနှင့် မျှဝေနိုင်သည်။ ဆိုလိုသည်မှာ Google LLC ပိုင်ဆိုင်ထိန်းချုပ်သော ကျွန်ုပ်တို့၏ အခြားကုမ္ပဏီများ ဖြစ်သည်။ ငွေကြေးဆိုင်ရာနှင့် ငွေကြေးဆိုင်ရာမဟုတ်သည့် အဖွဲ့အစည်းများ ဖြစ်နိုင်သော ကျွန်ုပ်တို့၏ တွဲဖက်များသည် ဤအချက်အလက်များကို ၎င်းတို့၏ နေ့စဉ် လုပ်ငန်းရည်ရွယ်ချက်များ အပါအဝင် ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်’ နှင့် ‘Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ’ တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် သုံးပါမည်။
သက်ဆိုင်ပါက GPC နှင့် ၎င်း၏တွဲဖက်များအကြား အချို့သော မျှဝေခြင်းများ မလုပ်ရန် ရွေးချယ်ခွင့်ကို သင့်အား ပေးထားပါသည်။ အထူးသဖြင့် မလုပ်ရန် သင် ရွေးချယ်နိုင်သည်များမှာ-
- သင်၏ ပြန်ဆပ်မည်ဟု ယုံကြည်ရခြင်းဆိုင်ရာ အချက်အလက်များကို GPC နှင့် ၎င်းတွဲဖက်များအကြား ၎င်းတို့၏ နေ့စဉ်လုပ်ငန်းရည်ရွယ်ချက်အတွက် မျှဝေခြင်း။ နှင့်/သို့မဟုတ်
- ကျွန်ုပ်တို့စုဆောင်းပြီး ကျွန်ုပ်တို့၏ တွဲဖက်များနှင့် မျှဝေထားသော သင်၏ကိုယ်ရေးအချက်အလက်များအပေါ် အခြေခံ၍ ၎င်းတို့၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို သင့်ထံ ကြော်ငြာခြင်း။ ဤအချက်အလက်တွင် ကျွန်ုပ်တို့၌ရှိသော သင်၏အကောင့်မှတ်တမ်းပါဝင်သည်
သင်ဝင်ကြည့်သော ဝဘ်ဆိုက်၊ အက်ပ်၏ ကြားခံရောင်းသူကို သင့်တွင် ထိုရောင်းသူ၏ ဝဘ်ဆိုက် သို့မဟုတ် အက်ပ်မှတစ်ဆင့် ငွေပေးချေမှုအတွက် သုံးနိုင်သော Google ငွေပေးချေမှုပရိုဖိုင် ရှိမရှိ Google LLC (သို့) ၎င်း၏တွဲဖက်များက အကြောင်းမကြားရန်လည်း ရွေးချယ်နိုင်ပါသည်။
ဤဆက်တင်ကို ပိတ်ရန် ရွေးချယ်ပါက သင်၏ရွေးချယ်မှုကို ပြောင်းရန် ကျွန်ုပ်တို့အား မပြောမချင်း ၎င်းသက်ရောက်ပါမည်။
GPC နှင့် ၎င်း၏တွဲဖက်များအကြားတွင် သင်၏ ပြန်ဆပ်မည်ဟု ယုံကြည်ရခြင်းဆိုင်ရာ ကိုယ်ရေးအချက်အလက်များ မမျှဝေစေလိုပါက (သို့) ကျွန်ုပ်တို့စုဆောင်းပြီး ကျွန်ုပ်တို့၏ တွဲဖက်များနှင့် မျှဝေထားသော သင်၏ကိုယ်ရေးအချက်အလက်များကို အသုံးချ၍ သင့်အား မကြော်ငြာစေလိုပါက သို့မဟုတ် သင်ဝင်ကြည့်သော ဝဘ်ဆိုက်၊ အက်ပ်၏ ကြားခံရောင်းသူကို သင့်တွင် ‘Google ငွေပေးချေမှုပရိုဖိုင်’ ရှိမရှိ Google LLC (သို့) ၎င်း၏တွဲဖက်များက အကြောင်းမကြားစေလိုပါက သင့်ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ သတ်မှတ်ချက်များ အပ်ဒိတ်လုပ်ရန် သင်၏အကောင့်သို့ လက်မှတ်ထိုးဝင်ရောက်ပြီး Google Payments ကိုယ်ရေးအချက်အလက်လုံခြုံမှု ဆက်တင်များ သို့ သွားခြင်းဖြင့် သင့်သတ်မှတ်ချက်ကို ဖော်ပြပါ။
ကျွန်ုပ်တို့သည် ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်’ (သို့) ‘Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ’ တွင် ဖော်ပြထားသည့် အရာများမှလွဲ၍ သင်၏ကိုယ်ရေး အချက်အလက်များကို GPC သို့မဟုတ် ကျွန်ုပ်တို့၏အဖွဲ့ဝင်ပြင်ပ မည်သူနှင့်မျှ မျှဝေမည်မဟုတ်ပါ။ Google Payments သည် Google Account ပိုင်ရှင်များအတွက် ကမ်းလှမ်းသောထုတ်ကုန် ဖြစ်သည်။ ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်’ တွင် မလုပ်ဆောင်ရန် ရွေးချယ်သောအပိုင်းများကြောင့် Google Account ဖွင့်ရန်အတွက် Google LLC သို့ သင်ပေးပို့သော ဒေတာတွင် သက်ရောက်မှုမရှိပါ။
သင့်အချက်အလက်များကို လုံခြုံအောင်ထားခြင်း
ကျွန်ုပ်တို့၏ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိရန် ပင်မ Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ ကို ကြည့်ပါ။
သင်၏ Google ငွေပေးချေမှုပရိုဖိုင် လုံခြုံရေးသည် ‘ဝန်ဆောင်မှု’ အတွက် သင်၏အကောင့်စကားဝှက်(များ)၊ ပင်နံပါတ်များနှင့် အခြားဝင်ရောက်ခွင့်အချက်အလက်များကို လုံလုံခြုံခြုံသိမ်းဆည်းခြင်းပေါ်တွင် မူတည်သည်-
- သင်၏ Google Account အချက်အလက်များကို ပြင်ပကုမ္ပဏီနှင့် မျှဝေပါက ၎င်းသည် သင်၏ Google ငွေပေးချေမှုပရိုဖိုင်နှင့် ကိုယ်ရေးအချက်အလက်များကို သုံးခွင့်ရှိမည်
- သင်၏ စကားဝှက်(များ) နှင့်/သို့မဟုတ် ပင်နံပါတ်ကို လုံလုံခြုံခြုံထားခြင်းနှင့် မည်သူနှင့်မျှ မမျှဝေခြင်း အပါအဝင် သင့်မိုဘိုင်းစက်ကိရိယာနှင့် သင့်စက်ရှိ Google Wallet သို့ ဝင်သုံးခွင့်ကို ထိန်းချုပ်ရန်မှာ သင်၏တာဝန်ဖြစ်သည်
- Google Payments ရှိ သင့်အချက်အလက်များ၏ လုံခြုံရေးကျိုးပေါက်သွားပြီဟု ယူဆပါက Google (သို့) သက်ဆိုင်ရာ ပါတနာကို သတိပေးရန်မှာလည်း သင်၏တာဝန်ဖြစ်သည်
ကြားခံရောင်းသူ၊ ဝဘ်ဆိုက် (သို့) အပလီကေးရှင်းသို့ တိုက်ရိုက်ပေးပို့သော အချက်အလက်များသည် ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်’ တွင် အကျုံးမဝင်ပါ။ သင်၏ပုဂ္ဂိုလ်ရေးအချက်အလက်များကို တိုက်ရိုက်မျှဝေရန် သင်ဆုံးဖြတ်လိုက်သော ရောင်းသူများ သို့မဟုတ် အခြားပြင်ပအဖွဲ့အစည်းများ၏ ကိုယ်ရေးအချက်အလက်လုံခြုံရေး သို့မဟုတ် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ကျွန်ုပ်တို့က တာဝန်မယူပါ။ သင်၏ကိုယ်ရေး အချက်အလက်များကို တိုက်ရိုက်မျှဝေရန် သင်ဆုံးဖြတ်လိုက်သော ကြားခံအဖွဲ့အစည်းများ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒများကို သေချာစွာ ဆန်းစစ်စေလိုသည်။
© 2026 Google – Google Google ဝန်ဆောင်မှုစည်းမျဉ်းများ ယခင် ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်များ